Burmese

Overview

အပြည်ပြည်ဆိုင်ရာလူနာများ သိရှိလေ့လာနိုင်ရန်။

စင်ကာပူနိုင်ငံသည် အာရှတိုက်တွင် အပြည်ပြည်ဆိုင်ရာ လူနာများအား ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်သော အဓိကအချက်အချာနေရာ ကြီးတစ်ခုဖြစ်ပါသည်။ ထို့ပြင် ထင်ရှားကျော်ကြားအောင်မြင်သော အဆင့်မြင့်ဆေးပညာ သမိုင်းကြောင်း၊ ခေတ်မှီတိုးတက်သော ကုထုံးများနှင့် ကျွမ်းကျင်သောဆေးပညာရှင်များ၏ ဦးဆောင်မှုဖြင့် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်သောကြောင့် လူနာများ၏ ယုံကြည်စိတ်ချမှုကို အပြည့်အ၀ ရရှိလျက်ရှိပါသည်။

ရုဖယ်ဆေးရုံကြီးသည် စင်ကာပူနိုင်ငံ၏အချက်အချာကျသောမြို့လယ်တွင် တည်ရှိပြီး အဆင့်မြင့်နည်းပညာများဖြင့် ဆေးပညာရပ် မျိုးစုံကို ကုသပေးနိုင်သော ပုဂ္ဂလိက ဆေးရုံကြီးတစ်ခု ဖြစ်ပါသည်။

ရုဖယ်ဆေးရုံကြီးသည် ယခုအခါ နိုင်ငံတကာရှိ လူနာများ ဦးစားပေးရွေးချယ်လျက်ရှိသော ထိပ်တန်းဆေးရုံကြီးတစ်ခုဖြစ်နေပါသည်။ ရုဖယ်ဆေးရုံကြီးတွင် လာရောက်ကုသလျက်ရှိသော လူနာများအနက် (၃၅)ရာခိုင်နှုန်းသည် နိုင်ငံပေါင်း (၁၀၀) ကျော်မှ နိုင်ငံခြားသားများ ဖြစ်ကြပါသည်။ အင်ဒိုနီးရှား နှင့် မလေးရှားကဲ့သို့ နိုင်ငံများမှ လူနာအရေအတွက် တိုးတက်လျက်ရှိသကဲ့သို့ မြန်မာနိုင်ငံအပါအ၀င် ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ ကိုရီးယား၊ အိန္ဒိယ၊ ရုရှအစရှိသော အာရှနိုင်ငံများမှ လူနာအရေအတွက်မှာ နှစ်စဉ် တိုးတက်လျက် ရှိပါသည်။

ဒေသတွင်းကျန်းမာရေးစောင့်ရှောက်မှု ၀န်ဆောင်မှုလုပ်ငန်းများ အားပြိုင်နေစဉ် စင်ကာပူနိုင်ငံရှိ ရုဖယ်ဆေးရုံကြီးသည် ကျောက်ကပ်အစားထိုးကုသခြင်း၊ ကင်ဆာအမျိုးမျိုးကုသပေးခြင်း နှင့် နှလုံးခွဲစိတ်ကုသပေးခြင်း စသည့်ခက်ခဲသော ကျန်းမာရေးဝန်ဆောင်မှုများ ပြုလုပ်ပေးခြင်းဖြင့် စင်ကာပူနိုင်ငံ၏ ဒေသတွင်းဦးဆောင်မှုကို ပံ့ပိုးပေးလျက် ရှိပါသည်။

ရုဖယ်ဆေးရုံကြီးရှိ အပြည်ပြည်ဆိုင်ရာလူနာဌာနမှ ၀န်ထမ်းများသည် ရုဖယ်ဆေးရုံကြီးသို့ ဆေးကုသရန် လာရောက်သော မြန်မာလူနာများအား မြန်မာနိုင်ငံတွင် နေထိုင်ပြီး ဆေးကုသရသလို အခက်အခဲမရှိအောင် ကူညီဆောင်ရွက်ပေးလျက် ရှိပါသည်။

ရုဖယ်ဆေးရုံကြီးရှိ ကျွမ်းကျင်သော မြန်မာဝန်ထမ်းများမှ

  • လူနာများ သိရှိလိုသော အချက်အလက်များနှင့် မေးခွန်းများအား အသေးစိတ်ဖြေကြားပေးခြင်း။
  • သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် ပြသနိုင်ရန် စီစဉ်ပေးခြင်း။
  • ခရီးသွားလက်မှတ်နှင့် ဗီဇာလျှောက်ထားရန်အတွက် လိုအပ်သောစာရွက်စာတမ်းများ ကူညီပေးခြင်း။
  • ဆေးကုသစဉ် အချိန် နှင့် ဆေးကုသပြီး မြန်မာနိုင်ငံပြန်သည်အထိ လိုအပ်သောအကူအညီများကို ဖြည့်ဆည်းပေးခြင်းဖြင့် မြန်မာလူနာများ စိတ်ချမ်းသာအောင် ဆောင်ရွက်ပေးလျက် ရှိပါသည်။